နေ့မနား ညမအား သာသနာပြုခရီး

သာသနာပြုလုပ်ငန်းအတွက် ထိုင်း နှင့် မြန်မာ ကို အိမ်ဦးနှင့် ကြမ်းပြင် ကဲ့သို့ အခေါက်ပေါင်းများစွာ ဖြတ်သန်းသွားနေရသည်။  ထိုခရီးစဉ်သည် ကျိုက္ကော်မှာ ပညာသင်ယူနေကြသည့် သားငယ်သမီးငယ်များ၏ စားဝတ်နေရေးနှင့် ပညာရေးကို ထောက်ပံ့ပေးနေသော ဖခင်တစ်ဦးကဲ့သို့ သွားလာလှုပ်ရှား ရုန်းကန်နေရသော ခရီးစဉ်ဖြစ်သည်။ အချို့ခရီးစဉ်များသည် ဘာသာ သာသနာအတွက် ကိုယ်ကျိုးမဖက် သော သာသနာ့ဟိတ ခရီးစဉ်များသာဖြစ်သည်။

ရဟန်းဟူသည် သတ္တဝါတို့ ဘဝလွတ်မြောက်စေရန် လမ်းညွှန်ပြသ ဆိုဆုံးမရသော ဆရာဖြစ်ပြီး မိမိကိုယ်တိုင်ကလည်း သံသရာဘဝလွတ်မြောက်ရေး ရှာဖွေကျင့်ကြံအားထုတ်ရမည့်သူဖြစ်သည်။