မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက် 

ဓမ္မဒူတသုခိတာရုံပရိယတ္တိစာသင်တိုက်၊ 

ဓမ္မဒူတတောရသာသနာ့ရိပ်သာ ဘုန်းတော်ကြီးသင် ပညာရေး အခြေခံပညာ မူလတန်းလွန်ကျောင်း ပဓာနနာယက/ကျောင်းအုပ်ဆရာတော် 

ပြည်တွင်း/ပြည်ပ နယ်လှည့် သာသနာပြုဓမ္မကထိက၊ (ဗုဒ္ဓ)စကောကရင်စာပေနှင့်ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ(ဗဟို) အကျိုးတော်ဆောင်၊ 

ပညာပြည့်ဝနှလုံးလှ ကျိုက္ကော်ပညာဒါနဖောင်ဒေးရှင်း 

ကမ္မဋ္ဌာနာစရိယ၊ ပရဟိတ ဂုဏဝိသိဋ္ဌဓဇ၊ အဂ္ဂမဟာ ပရဟိတဓရ၊ အဂ္ဂမဟာဓမ္မကထိက ၊ မဟာသဒ္ဓမ္မဇောတိကဓဇ 

Hon-Ph.D(Morality.Florida, U.S.A) 

ဓမ္မဒူတဒေါက်တာ အရှင်သုဓမ္မ (ထိုင်း - မြန်မာ ချစ်ကြည်ရေး) 

ကျိုက္ကော်ဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်း


ဖွားတော်မူခြင်း။ ။ ဆရာတော်လောင်းလျာကို မွန်ပြည်နယ် ၊ သထုံမြို့နယ်၊ အောင်းစိုင်ကျေးရွာ၌ ခမည်းတော် ဦးမြသိန်း+မယ်တော် ဒေါ်ခင်ကြည်တို့မှ ၁၃၃၅- ခုနှစ် ၊ ဝါဆိုလပြည့်ကျော် (၅)ရက်နေ့တွင် ဖွားမြင်တော်မူခဲ့ပါသည်။

ရဟန်းပြုခြင်း။ ။ ၁၃၄၉ - ခုနှစ်၊ တန်ခူးလတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အောင်းစိုင်ကျေးရွာ ၊ရွှေသမင်ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ပညာဇောတ ကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို၏ ပစ္စယာနုဂ္ဂဟကို ခံယူတာ ရှင်သာမဏေ အဖြစ်သို ရောက်ရှိခဲ့ပြီး ၁၃၅၄- ခုနှစ်၊ ဝါဆို လပြည့်ကျော်၊ (၁၅)ရက်နေ့တွင် ရွှေသမင်ပရိယတ္တိ စာသင်တိုက်   ခဏ္ဍသိမ်၌ ယင်းကျောင်း ဆရာတော် ဘဒ္ဒန္တ ပညာဇောတကို ဥပဇ္ဈာယ်ပြု၍ ၊ သထုံမြို့နေ၊ ဒေါက်တာဒေါ်တင်တင်လှ မိသားစုတို၏ ပစ္စယာနုဂ္ဂဟ ခံယူတာ မြင့်မြတ်သော ရဟန်း အဖြစ်သို ရောက်ရှိခဲ့ပါသည်။

စာပေသင်ယူခြင်း ။ ။ ဆရာတော်သည် သထုံမြို့နယ်၊ အောင်းစိုင်ကျေးရွာ၊ ရွှေသမင် ပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တပညာဇောတ သထုံမြိုနယ်၊ အောင်းစိုင်ကျေးရွာ၊ ဝင်္ဂဘောကျောင်းဆရာတော် ဦးနန္ဒာစရိယ၊ သထုံမြို့နယ်၊ ဝါးဂုတ်အရှေ့ကျောင်း ဆရာတော် ဘဒ္ဒန္တ ပညာစာရ၊ သံဖြူဇရပ်မြိုနယ်၊ ကျိုက္ခမီမြို၊ ကျိုက္ခမီရေလယ်ကျောင်းဆရာတော် ဦးသုမန၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းဓမ္မဒူတတောရ  ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ပညာဇောတနှင့် နာယက ဆရာတော် ဘဒ္ဒန္တ ကေသဝ၊ ဒေါက်တာ အရှင်ဝိမလ၊ အရှင်ဝိဝေက၊(ပထမကျော်) ၊ မုဒုံမြို့နယ်၊ ကျောက်တလုံးတောရကျောင်း ဆရာတော် ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသ၊ကျိုက်ထိုမြို့နယ်၊ သိပ်ဇရပ်မြို့၊ ဓမ္မဒူတဆရာတော် ဘဒ္ဒန္တပညာဝရ၊ ပဲခူးမြို့ ၊ ဆယ်မိုင်ကုန်း၊ ဓမ္မဒူတတောရသာသနာ့ရိပ်သာ၊ ဓမ္မဒူတဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် အရှင်ပညိဿရာဘိဝံသ၊ မှော်ဘီမြို့၊ ဓမ္မဒူတဆေကိန္ဒာရာမကျောင်း ဆရာတော်ဘဒ္ဒန္တ ဆေကိန္ဒ စသော ဆရာတော်ကြီးများထံတွင်  ပရိယတ္တိစာပေများ သင်ယူဆည်းပူးခဲ့ပြီး ပထမ လတ်တန်းစာမေးပွဲကို အောင်မြင်တော်မူခဲ့ပါသည်။

သာသနာရေးဆောင်ရွက်ချက်များ။ ။ ဆရာတော်သည် သာသနာပြုသက်တမ်း (၂၈) နှစ်အတွင်း အခြားဘာသာဝင်(၁၅ဝ)ဦးတို့အား ဗုဒ္ဓဘာသာတို့ သက်ဝင်ယုံကြည်လာအောင် စည်းရုံးနိုင်ခဲ့ပြီး ဒေသခံ (၁၆ဝဝ)ဦးတို့အား ဗုဒ္ဓသာသနာနုဂ္ဂဟအသင်းဝင်ဖြစ်အောင် စည်းရုံးဆောင်ရွက်နိုင်ခြင်း၊ ဘာသာရေး စာပေများ (၈)အုပ် ရေးသားခြင်း ၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သက်တမ်း (၁၂)နှစ် ရှိပြီး နှစ်စဉ်သင်တန်းသား /သူ (၃၅ဝ)ဦးတို့အား ဗုဒ္ဓ ဘာသာယဉ်ကျေးမှုစာပေများ သင်ကြားပေးခြင်း၊ ဘုန်းတော်ကြီးသင်ပညာရေး သက်တမ်း(၈)နှစ်ရှိပြီး လက်ရှိ ပညာသင်နှစ်တွင် ကျောင်းသား/သူ (၁၅ဝ)ဦး တို့အား ပညာသင်ကြားပေးလျက်ရှိခြင်း ၊ ပရိယတ္တိစာပေများ သင်ကြားပိုချပေးခြင်း ဝိပဿနာ တရားစခန်းများ ဖွင့်လှစ်ခြင်း ပရဟိတလုပ်ငန်းများဆောင်ရွက်ခြင်း ၊ပြည်တွင်း - ပြည်ပ သာသနာပြုခြင်း စသောလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပရဟိတာဝတဂုဏ်၊ သာသနာဟိတဓရဂုဏ်၊ ခမာ၊ ဇာဂရိယဂုဏ် တို့နှင့် ပြည့်စုံ၍ သာသနာပြုလုပ်ငန်းများကို ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ကြီးမားစွဖြင့် စွမ်းဆောင် သာသနာပြုလျက် ရှိပါသည်။